Meeting With The Buddha Not for anything in particular even me the very Buddha along with other antiques they've put up for sale here in Europe. they have such a share eye for business what business brings you here? asks the Buddha.
You may not know it but if you were in Burma you would surely receive all kinds of veneration,but felling only untruths and preaching only falshoods your Holiness would exclaim "Buddha" and long to flee.
Telling untruths you fire yourself out on the rounds of births. A scandal to the whole world the generals delivering all kinds of orders engaging in all kinds of improprety what if they bind you hand and foot and put you under lock and key?
These hare-branied guys don't keep promises all kinds of lies come out of their fout mouths they have no respect for the nation with their childsh mentality they're too dirty.
An army exists to oppress the people who flatter them they ask them to sharpen the swards it's a haven for thugs the king of the master gangsters.
Bo ne win's army only knows how to shoot and cheat.
The people are paupers now the manks are beggars now the scoundrels are monters weapons matter most weapons are paramount weapons reign supreme-that's militarism.
For you to sit in peace here in a European supermarket is much sater for from all the mishaps fame growing a milion-fold and the name Buddha bandied about don't feel uncomforable.
With all the crimes of the Burmese military the Buddha will never leave prison will always be in trouble then you'll really be uncomfortable.
Don't think such an ignoramus as me was lecturing you I've come to think like this becouse so many lay disciples in My country have been victimized- excuse me. Venerable Sir!.
By Tin Moe (April 24,2000)
|
ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
ဘာမဟုတ် ညာမဟုတ်နဲ့ ငါဗုဒ္ဓဘုရားကိုတောင်မှ ရှေးဟောင်းပစ္စည်းတွေကြားမှာ ရောင်းစားခံရ... စီးပွားရေးမျက်စိ စူးရှတဲ့ ဒီလိုဥရောပမှာ မင်းက ဘာလာလုပ်သလဲ...တဲ့ ဗုဒ္ဓက မေးတော်မူတယ်....၊
ကိုယ်တော်မသိနော်.. ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင် ပူဇေမိ အမျိုးမျိုးနဲ့ ရှိခိုးခံရမှာတော့ အမှန်ပဲ.. ဒါပေမဲ့ မမှန်တာတွေပြော မမှန်တာတွေ ဟောနေရ ကိုယ်တော်ရော ဗုဒ္ဓေါတ မိပြီး ပြေးကြွချင်မှ အမှန်ပဲ...။
မမှန်တာတွေ ပြောတော့လည်း သံသရာတကြောမှာ အဖန်တရာ မျောနေဦးမှကိုးဘုရာ့...။
လက်နက်ကိုင်စစ်တပ်က အရပ်ရပ်နေပြည်တော် ကြားလို့မှ မလျော်အောင် အော်ဒါထုတ် မတော်တာတွေ လုပ်နေတော့ ဗုဒ္ဓကို ကြိုးတုပ် အချုပ်ထဲသွင်းရင် မခက်ပါလား...။
ဒီကောင်တွေက ဥာဏ်လည်းမရှိ အမှန်လည်းမသိ ကတိလည်းမတည် အပလီမျိုးမျိုးနဲ့ ၀စီအိုးကလည်း ပုပ်စော်နံ နိုင်ငံကိုလည်း မလေးစား ကလေးကလား စိတ်ဓာတ်နဲ့ သိပ်ပြီး ညစ်ပတ်ကြပါတယ်..။
စစ်တပ်ဆိုတာ ပြည်သူကို အနိုင်ကျင့်ဖို့ မြှောက်ပင့်အားပေး ဓါးသွေးခိုင်းထားတဲ့ အရိုင်းအဆိုးများရဲ့ ခိုလှုံရာ ဗိုလ်ကတာတို့ရဲ့ ဘုရင်ပါဘုရား..။
ဗိုလ်နေ၀င်း စစ်တပ်ဆိုတာ ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား..။
ပြည်သူတွေကတော့ တက်တက်မွဲ ရဟန်းကောင်းတွေကတော့ ခွက်လက်စွဲ ဒင်းတို့ကတော့ သဘက်သရဲ လက်နက်ပဲ အဓိက လက်နက်ပဲ ပဓါန လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ..။
ကိုယ်တော့်အဖို့ကတော့ ဥရောပ စုပါမားကပ်မှာ ငြိမ်သက်စွာ စံပ္ပါယ်တာကမှ အန္တရာယ်ခပ်သိမ်း ကင်းပျောက်ငြိမ်ပြီး သိန်းသန်းမက တန်ဖိုးထက် ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး နှုတ်ဟလို့ အမြွက်ခံရဦးမယ်.. စိတ်လက်မသာ ရှိတော်မမူပါနဲ့ဘုရား...။
မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့ ဗုဒ္ဓ ဗုဒ္ဓ အချုပ်က မတက် ဒုက္ခဖက်ရရင် မသက်မသာ ဖြစ်နေရမှာပါ..။ တပည့်တော် ငပါမွှားက တရားချတယ်မထင်ပါနဲ့ တိုင်းပြည်က တကာ တကာမအပေါင်း အထောင်းခံရတာ များလွန်းလို့ ပြားပြားမှောက်နေရင်းက တရားပေါက်ရခြင်း ဖြစ်ပါတယ် ခွင့်လွှတ်တော်မူပါ့ဘုရား..။
တင်မိုး ၂၄-၄-၂၀၀၀ (မြန်မာပြည်အရေး) စာပေဆည်းဆာ ကဗျာရွတ်ဆိုပွဲ စနေနေ့ ဒီဇင်ဘာ(၁၅)ရက် ၂၀၀၇ နယူးဒေလီ အိန္ဒိယ |
0 comments:
Post a Comment